top of page

Ceremon Payment & Booking Policy
(ငွေပေးချေမှု စည်းမျဉ်း)

၁။ Reservation & Payment (ဘွတ်ကင်နှင့် ငွေပေးချေမှု)

  • စရံငွေ သိမ်းဆည်းပေးခြင်းဖြင့်သာ ခန်းမငှားရမ်းမှု အတည်ဖြစ်ပါသည်။

  • ပွဲမတိုင်မီ တစ်လအလိုတွင် ကြိုတင်သဘောတူထားပြီးဖြစ်သော ခန်းမနှင့် အခြားကုန်ကျစရိတ်အားလုံး၏ တစ်ဝက်ကို ပေးချေရမည်ဖြစ်သည်။

  • ပွဲအတွင်း လိုအပ်သော ထပ်တိုးဝန်ဆောင်မှုများကို ပွဲပြီးသည်နှင့် ခန်းမငှားရမ်းသူအား တောင်းဆိုပေးပို့ အသုံးပြုစေမည်ဖြစ်သည်။ ခန်းမအဆောက်အအုံနှင့် ပစ္စည်းများအား ထိခိုက်၊ ပျက်စီးမှုရှိပါက ပေးလျော်ရန် ပမာဏအား တောင်းဆိုတွင် ထည့်သွင်းဖော်ပြ ကောက်ခံမည်ဖြစ်သည်။

  • စုစုပေါင်းကျန်ငွေအား ပွဲကျင်းပပြီး ၃ ရက်အတွင်း ပေးဆောင်ရမည်။

၂။ Venue Usage (ခန်းမအသုံးပြုမှု)

  • ခန်းမငှားရမ်းသည့် ပွဲကျင်းပချိန်မှစပြီး အချိန်ထပ်တိုးရန် လိုအပ်ပါက အချိန်ပိုကြေးပေးဆောင်ရမည်ဖြစ်ပြီး ကြိုတင်အကြောင်းကြားရန် လိုအပ်ပါသည်။

  • အခြားသော ဝန်ဆောင်မှုများ (AUDIO, LIGHTING, DECORATION, SECURITY, GENERATOR) များအတွက် အခကြေးငွေ ထပ်မံပေးဆောင်ရန် လိုအပ်ပါသည်။

  • LOBBY AREA ကို PUBLIC AREA အဖြစ် သတ်မှတ်ထားသည်။ ပန်း DECORATION များ ပြင်ဆင်ခွင့်မရှိ။

၃။ အစားအသောက် တည်ခင်းခြင်း

  • ပွဲအတွင်းတက်ရောက်မည့် လူဦးရေနှင့် ကျွေးမွေးမည့်အစားအသောက်များအား ပွဲမတိုင်မီတစ်လအလိုတွင် အတည်ပြုပေးရပါမည်။

  • အအေးနှင့် ရေဘူးများသည် ခန်းမဘက်မှရောင်းချမည်ဖြစ်ပြီး ပြင်ပမှယူဆောင်ခွင့်မပြု။

  • ဝိုင်း၃၀နှင့်အထက်ပွဲများအတွက် အသင့်ဝယ်ယူနိုင်ရန် အရံ ၂ဝိုင်း ပြင်ဆင်ထားပေးမည်ဖြစ်သည်။

  • ဝိုင်း100အထက် စားပွဲထိုင်ခုံများကို ပြင်ပမှပြန်လည်ငှါးရမ်းရသဖြင့် မတူညီသောနှုန်းထားဖြင့် ပြန်လည်ငှါးရမ်းရမည်ဖြစ်သည်

  • ပြင်ပမှ အစားအသောက်များယူဆောင်လာသောပွဲများအတွက် ခန်းမငှါးရမ်းခနှင့် ဝန်ဆောင်မှုများ မတူညီပါ။ ပြင်ပအစားအသောက်များယူဆောင်လာပါက ဝယ်ယူလာမည့် ဆိုင်နှင့် အစားအသောက်အမျိုးအစားများကို ကြိုတင်အသိပေးရပါမည်။

၄။ ပန်းအလှဆင်နှင့် ပွဲအပြင်အဆင်နေရာများ

  • အကြီးစား Decoration ပြင်ဆင်မှုများအတွက် ခန်းမကို ကြိုတင်အကြောင်းကြား၍ တိုင်ပင်ဆွေးနွေးရပါမည်။

  • In-house Teamမဟုတ်သော ပန်းအပြင်အဆင်အဖွဲ့များအတွက် ကောက်ခံသော Facility charge တွင် ပြင်ဆင်ချိန်2နာရီခွင့်ပြုထားသည်။ လုပ်ငန်းချိန်ကျော််သော ညပိုင်းပြင်ဆင်မှုများအတွက် မီးစက်နှိုးခ ကောက်ခံပါမည်။

  • ခန်းမငှါးရမ်းထားသော အချိန်ပြည့်ပြီးနောက် တစ်နာရီအတွင်း ပန်းအပြင်အဆင်များကို အပြီးအစီးသိမ်းဆည်းပေးရမည်။

  • အပြင်မြက်ခင်းပြင်တွင် ဆောက်လုပ်ထားသော စင်မြင့်အား ရွှေ့ပြောင်းချင်လျှင် သက်ဆိုင်ရာ ပန်းအဖွဲ့များမှ ကြိုတင်အကြောင်းကြားရွှေ့ပြောင်းနိုင်သည်

၅။ ပွဲကျင်းပသူဘက်မှ တာဝန်ယူမှု

  • နိုင်ငံရေး၊ ဘာသာရေးနှင့် တားမြစ်ထားသော အဖွဲ့အစည်းများနှင့် ဆက်စပ်သောပွဲများအား ကျင်းပခွင့်မပြုပါ။ အနုပညာရှင်များ၊ဆယ်လီများ ဖျော်ဖြေမှုများပါဝင်ပါက 2ပတ်ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး ပွဲကျင်းပသူမှ ပွဲမိန့်လျှောက်ထားရပါမည်။

  • ကြိုတင်ပြောကြားထားခြင်းမရှိသော နိုင်ငံရေး၊ ဘာသာရေးနှင့် တားမြစ်ထားသော အဖွဲ့အစည်းများနှင့် ဆက်စပ်သောအစီအစဉ်များ ပြုလုပ်ပါက ပွဲကျင်းပသူဘက်မှ အပြည့်အဝတာဝန်ယူရမည်။

  • ပွဲသို့တက်ရောက်လာသော ဧည့်သည်များအတွင်းမှ ဘေးပတ်ဝန်းကျင်နှင့် အခြားသောဧည့်သည်များအား အနှောက်အယှက်ဖြစ်စေသော၊ ထိခိုက်စေသော အပြုအမူများ ပြုမူပါက ပွဲကျင်းပသူမှ ခန်းမနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးရန်လိုသည်။

၆။ ပွဲကျင်းပသူဘက်မှ တာဝန်ယူမှု

  • မရှောင်လွှဲနိုင်သော ကိစ္စများအတွက် ပွဲရက်အပြောင်းအလဲများကို ခန်းမ၏ရက်ရရှိနှိုင်မှုအပေါ်မူတည်ပြီး ထည့်သွင်းစဥ်းစားပေးမည်ဖြစ်သည်။ ပေးသွင်းထားသော စရံငွေအား မည်သည့်အခြေအနေတွင်မဆို ပြန်လည်ပေးအပ်ခြင်းမရှိပါ။

အထက်ပါ စည်းကမ်းချက်များကို ဖတ်ရှုနောင်လည်ပြီးသဘောတူညီပါက ငွေပေးချေမှုကို ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ မရှင်းလင်းသောအချက်များရှိပါက ကျွန်ုပ်တို့၏ Event Coordinator ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Payment Methods

Deposit & Payment Policy

  • 📅 Booking Confirm အတွက် Deposit ပေးရန်လိုအပ်ပါသည်

  • 💰 Event မတိုင်မီ 30 ရက်အလိုတွင် 50% Deposit ပေးချေရပါမည်

  • 🧾 Event ပြီးဆုံးပြီး 3 ရက်အတွင်း Full Payment ပြီးစီးရန်လိုအပ်ပါသည်

၁။ ဘဏ်စာရင်းဖြင့် လွှဲပြောင်းပေးချေရန် (Bank Transfer)

KBZ Bank
Account Name: Ceremon Food & Beverage Co., LTD
Branch: MDY - 9
Account No: 08151308101486201

MAB Bank
Account Name: Ceremon Food & Beverage Co., LTD
Branch: MDY - 5
Account No: 0510183051015641018

AYA Bank
Account Name: Ceremon Food & Beverage Co., LTD
Branch: MDY - 22
Account No: 40038363483

၂။ QR စနစ်ဖြင့် ပေးချေရန် (Scan to Pay)

AYA PAY နှင့် MMQR စနစ်များအသုံးပြု၍ ပေးချေနိုင်ပါသည်။ ဖော်ပြပါ QR Code ကို Scan ဖတ်၍ ပေးချေနိုင်ပါသည်။

(Customers can pay easily using AYA PAY and MMQR by scanning the QR code.)

Merchant Name: CEREMON BANQUET
Supported: KBZ PAY & All Banking Apps (via MMQR)

QR Payment

ငွေလွှဲပေးချေပြီးပါက သက်ဆိုင်ရာလွှဲစာ (Transfer Screenshoot) ကို Viber သိုု့မဟုတ် မိမိ၏ Event Coordinator ထံသို့ ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (Please send the transfer screenshot via Facebook Messenger or to your event coordinator after payment.)

bottom of page